မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ဌာနဆိုင်ရာအကြီးအကဲများအား စိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ အဓိကဖြစ်သော စက်မှုလယ်ယာစနစ်ကျလယ်မြေအတွက် စိုက်ပျိုးရေးအလေးထားဆောင်ရွက်ရန်၊ MSME လုပ်ငန်းများအား သက်ဆိုင်ရာဌာနများ အလိုက်တိုးတက်အောင်မြင်အောင် ကူညီဆောင်ရွက်ရန်၊ ကုန်စျေးနှုန်းကျဆင်းရေးလုပ်ငန်းများအတွက် တိုင်းဒေသကြီအစိုးရအဖွဲ့၏ ညွှန်ကြားချက်များကို အောင်မြင်စွာအကောင်အထည်ဖော်ရန်၊ ပညာရေးနှင့်ပတ်သတ်၍ အောင်ချက်မြင့်မားရေး၊ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများကို ဆက်လက်ပုံမှန်ဆောင်ရွက်ရန်၊ ဒေသအတွက်ရရှိသည့် ရန်ပုံငွေများအား ဒေသမှာ အကျိုးရှိအောင်ဆောင်ရွက်ရန်၊ နိုင်ငံတော်အကျိုးကို ကြည့်ရှုပေးပါရန်လိုကြောင်း၊ အခက်အခဲများရှိပါက ပြန်လည်တင်ပြရန် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ရန်စသည့်တို့ကို ရှင်းလင်းမှာကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ရဲကိုမောင် (ပြန်/ဆက်)