ငါးသိုင်းချောင်း နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက်(၀၈:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန်ဒေါက်တာသန့်ဇော်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များစုပေါင်းကာ အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အလှူရှင်များမှအလှူငွေများနှင့် အာဟာရများကျွေးမွေးလှူဒါန်းခဲ့ကြသည်။ အဆိုပါ အဘိုးအဘွားများအားကျန်းမာရေးစောင့်ရှောက်မှုကို ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)