သံတောင်ကြီးမြို့နယ် တောပြာကြီးကျေးရွာတွင် စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

သံတောင်ကြီး နိုဝင်ဘာ ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တောပြာကြီးကျေးရွာ၌ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို မေလ (၂) ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလဒုတိယပတ်တွင် လုပ်ငန်းဆောင်ရွက်မှု ၇၅ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ  လုပ်ငန်းဆောင်ရွက်ရာတွင် စိမ့်စမ်းရေသွယ်ယူခြင်း၊ ၂/၆ မိုင်ဖြင့် ရေပိုက်သွယ်တန်းခြင်း၊ ရေတားတမံနှင့် ဂါလံ (၅၀၀၀) ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ် (၅၇.၆၉) သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးနှင့်တာဝန်ရှိသူများ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဦးစောဟဲဒိုစိုးတို့က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ တောပြာကြီးကျေးရွာတွင် စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ပြီးစီးပါက တောပြာကြီးကျေးရွာရှိ အိမ်ခြေ (၁၆၇) အိမ်နှင့် လူဦးရေ (၇၉၅) ဦးကို အလှည့်ကျစီဖြင့် ရေများဖြန့်ဝေပေးမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

နော်နော်မူ