ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ)တွင် HPV သားအိမ်ခေါင်းကင်ဆာနှင့် DT ဆုံဆို့-မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေး

ရွှေသောင်ယံ နိုဝင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ)တွင် ယနေ့နံနက်(၁၀)နာရီအချိန်က အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သေးသော ကျောင်းသား၊ ကျောင်းသူများအား HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် DT ဆုံဆို့-မေးခိုင်ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံရာတွင် အ-မ-က(ခရင်ချောင်း)၊ အ-မ-က(ဂျိုင်လယ်)၊ အ-မ-က(ကျောက်တလုံး)၊ အ-ထ-က(ရွှေသောင်ယံ)၊ အ-မ-က(အုန်းတောကြီး)၊ အ-မ-က(ဂျိုင်ကြီး)တို့မှ ကျောင်းသား၊ ကျောင်းသူများ လာရောက်ထိုးနှံကြရာ ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးရွာအုပ်စု၊ သပေါ့ကန်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနရှိကျန်းမာရေးဆရာ၊ ဆရာမများ၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲရှိ ကျန်းမာရေးဆရာ၊ ဆရာမများမှ ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးများထိုးနှံရာသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ စာသင်ကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများမှဝိုင်းဝန်း ကြီးကြပ်စောင့်ရှောက်ပေးခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)