ရေကြည်မြို့နယ်တွင် မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရေကြည် နိုဝင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်သစ်တောဉီးစီးဌာနမှ မြို့နယ်အဆင့်မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အသုတ်မြို့၊ အ.ထ.က(ကွင်းသုံးဆင့်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရေကြည်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးတင်ထူးနိုင်မှ “မီးခိုးမြူငွေ့လျှော့ချရေးအသိပညာ‌ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရေကြည်မြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်‌ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့ရည်ချိုမှ “သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်လျှော့ချရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရေကြည်မြို့နယ် သစ်တောဦးစီးဌာန၊ တောအုပ်ကြီးဦးပိုင်မင်းဝေမှ “သစ်တောနှင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေး” ခေါင်းစဉ်ဖြင့်လည်း‌ကောင်း အသိပညာ‌ပေးဟောပြောခဲ့ကြပြီး အဆိုပါအသိပညာပေးဟောပြောပွဲသို့ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အ.ထ.က(ကွင်းသုံးဆင့်)မှ ဆရာ၊ ဆရာမ(၁၄)ဦး၊ ကျောင်းသားကျောင်းသူ(၁၁၆)ဦး၊ ရေကြည်မြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး၊ ရေကြည်မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၆)ဦး စုစုပေါင်း(၁၃၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)