ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲဆောင်ရွက်

ကလိန်အောင် နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင်(၁၀၄) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်/သံ-၃(ပြ) ဒေါ်ဖြိုးဝင့်စံက ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်းဖြင့် အနာဂတ်တွင် ထွန်းတောက်ပလာမည့်  ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်၊ စာဖတ်ပရိသတ်များ တိုးပွားလာစေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ ကျောင်းသား‌၊ ကျောင်းသူများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်အတွက် စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၁)ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)