လပွတ္တာ နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှ ကြီးမှူးကျင်းပသော (၃၅) ကြိမ်မြောက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ်ပတ်လည်နေ့ (UNCRC Day) အထိမ်းအမှတ်နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ၃မိုင်မြို့ရှိ လူငယ့်အားမာန်သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး CRC ပါအပိုဒ်များအား video clip ဖြင့် ပြသခဲ့သည်။ ဆက်လက်၍ လူငယ့်အားမာန်ကျောင်းမှ ကျောင်းသား/သူလေးများက ဖျော်ဖြေရေးအစီအစဉ်များ ဖြင့်ဖျော်ဖြေခဲ့ကြပြီး (UNCRC Day) အထိမ်းအမှတ်အနေဖြင့် ကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲများတွင် ဆုရကလေးများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်မိခင်ကလေးနှင့် အမျိုးသမီးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၅၇) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မူမူ