လပွတ္တာ နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပပြုလုပ်သော မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လပွတ္တာမြို့နယ်၊ အ.ထ.က(ကြာကန်)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လပွတ္တာမြို့နယ်၊ သစ်တောဦးစီးအရာရှိဦးကျော်ဝင်းနိုင်မှ မီးခိုး/မြူငွေ့လျော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့နည်းစေရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီးဦးကိုကိုအောင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးကျော်ဝင်းနိုင်နှင့် ဝန်ထမ်းများ၊ အ.ထ.က(ကြာကန်)မှ ကျောင်းအုပ်ကြီးနှင့်ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ စုစုပေါင်းအင်အား(၂၁၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မူမူ