ဖျာပုံမြို့ သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေး ကွင်းဆင်းစစ်ဆေး

ဖျာပုံ နိုဝင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေး၊ ပန်းပေါင်းစုံဝေဆာမှုရှိစေရေးတို့အတွက် မြို့ဝင်၊ မြို့ထွက်နေရာများအား ယနေ့နံနက်ပိုင်းအချိန်က မြို့ဝင်/ မြို့ထွက်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ မြို့သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေး ကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယု၊ အဖွဲ့ဝင်(၂)ဦးအေးကြိုင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်လေး၊ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နှင်းနန္ဒာထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးငွေမင်းထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးတိုးမြင့်အောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း အမှိုက်ကင်းစင်၍ သန့်ရှင်းသာယာလှစေရေး၊ စိမ်းလန်းစိုပြေ၍ ပန်းပေါင်းစုံဝေဆာမှုရှိစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ပြန်/ဆက်)