ပေါက်ခေါင်းမြို့၌ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပေါက်ခေါင်း နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့ မနက်ပိုင်းက အ.ထ.က(ပေါက်ခေါင်း)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးသော်မော်ခန့်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေး၊ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးသိကောင်းစရာများ၊ နယ်မြေဖြတ်‌‌ကျော်မီးခိုး‌ငွေ့ ညစ်ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာသိ‌ကောင်းစရာများ၊ မီးခိုး‌ငွေ့ကြောင့် ကျန်းမာ‌ရေးဆိုးကျိုးများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊‌ ကျောင်းသူများက သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါကြောင်း သိရသည်။

ဟောပြောပွဲအခန်းအနားသို့ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ အင်အား(၁၆၀)ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)