ပန်းတနော် နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကိုဗစ်- ၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ပုသိမ်မြို့ မေတ္တာဖွံ့ဖြိုးဖောင်ဒေးရှင်းမှ ပေးပို့လှူဒါန်းသော ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးသုံး ပစ္စည်းများအား ယမန်နေ့ နံနက်ပိုင်းက ပန်းတနော်မြို့နယ်အတွင်းရှိ (Facility Quarantine Centre )များသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်လှူဒါန်းရာတွင် ပန်းတနော်မြို့ အ.ထ.က (၁) Facility Quarantine Centre ၊ အင်းတကော Facility Quarantine Centre ၊ မြို့အဝင်/ အထွက် ကိုဗစ်- ၁၉ ကျန်းမာရေး စစ်ဆေးရေးဂိတ်နှင့် မြို့နယ်အရေးပေါ်လူနာတင်ယာဥ်အသင်းများသို့ PPE ဝတ်စုံများ၊ လက်အိတ် ၊ Mask၊ Surgical Cap၊ Boots ၊ Hand Spray ၊ အမှိုက်အိတ်၊ ရေသန့်ဘူး စသည့်ပစ္စည်းများအား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးပရဟိတ အသင်းအဖွဲ့များစုပေါင်း၍ သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)