ရှမ်းရွာသစ်မြို့တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ် ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်

ရှမ်းရွာသစ်  နိုဝင်ဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့တွင်ကျရောက်မည့်(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကျောင်းသား/သူလေးများအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များအကြောင်းကို အစဉ်အမြဲအောက်မေ့သတိရစေရန်၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်နှင့် ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မူလတန်းအဆင့်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲများပြုလုပ် ဆောင်ရွက်ပေးခဲ့ရာကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုလည်း အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)