ကရသူရိမြို့၌(၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ်‌ က‌ဗျာရွတ်ပြိုင်ပွဲကျင်းပ

ကရသူရိ  နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ် ကျောင်းသား/သူများ၏ က‌ဗျာရွတ်ပြိုင်ပွဲကိုယမန်နေ့ ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

‌ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့် အမျိုးသားအောင်ပွဲနေ့ဆိုင်ရာများကို ပညာပေးပြောကြားခဲ့သည်။ ထို့‌နောက်အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူများက မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့ဦးစီးမှူးက မေတ္တာလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့နောက် အသိပညာဗဟုသုတရရှိရေး အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ ဗီနိုင်းများ၊ နံရံကပ်စာစောင်များပြသရာ ကျောင်းသား/သူများက လေ့ာလာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)