ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် စာဖတ်စွမ်းရည်၊ ပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပြည်ကြီးမဏ္ဍိုင် နိုဝင်ဘာ  ၂၀         

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/သူများအနေဖြင့် ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်များရရှိစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် စာကြည့်တိုက်အသုံးချမှု ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်၊ ပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပွဲကို ကျင်းပခဲ့သည်။

ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်)Grade-4 မှ ကျောင်းသား/သူ (၁၀)ဦးတို့က “ပလတ်စတစ်အိတ်ကလေး၏ခရီးစဉ်”စာအုပ်နှင့် “မြန်မာ့ရိုးရာစကားပုံများ”စာအုပ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအားလည်းကောင်း၊ Grade-2မှ ကျောင်းသား/ကျောင်းသူ(၁၄)ဦးတို့က မိမိတို့စိတ်ကြိုက်ပုံ ပြင်များပြောခြင်းဖြင့် ပုံပြောပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအားဂုဏ်ပြုလက်ဆောင်နှင့် ပြိုင်ပွဲဝင်ကလေးများအား အာဟာ ရမုန့်များ ဝေပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်နံရံကပ်စာစောင်များအားပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)