သံတောင်ကြီး နိုဝင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းမှုဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစိုက်ပျိုးလျက်ရှိရာ မိမိတို့၏မြေလွတ်မြေရိုင်းများတွင် တောင်ယာများခုတ်ကာ နှစ်ရှည်ပင်သီးနှံများဖြစ်သည့် ကွမ်းပင်၊ ဒူးရင်း၊ မင်းကွတ်၊ ဖာလာ၊ ကော်ဖီ၊ ဒညင်းစသည့် နှစ်ရှည်ပင်များနှင့်အတူ နှစ်တိုပင်သီးနှံဖြစ်သည့် ငရုတ်ပင်များကိုလည်း ကြားညှပ်စိုက်ပျိုးကြသည်။ ယခုအချိန်တွင်သံတောင်ကြီးဒေသထွက် တောင်ယာငရုတ်သီးများ လှိုင်လှိုင်ထွက်ရှိပြီးဈေးကောင်းရရှိကောင်းသိရသည်။
အဆိုပါ ငရုတ်ပင်များသည် နွေ၊ မိုး၊ ဆောင်းရာသီမရွေးဖူးပွင့်ကာ အသီးသီးလျက်ရှိသည်။ တောင်ယာ ငရုတ်သီးများသည် ယခုနိုဝင်ဘာလတတိယပတ်မှစ၍ အသီးများရင့်မှည့်ကာ ခူးဆွတ်ရောင်းချလျက်ရှိပြီး ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)မှ ထိရရှိကြောင်း သိရသည်။တောင်ယာငရုတ်သီးများကို မြို့ပေါ်တွင်သာရောင်းချကြပြီး ဈေးကောင်းရရှိသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကာစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
နော်လော်မူ