ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၁)သင်တန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေး

ပဲခူး နိုဝင်ဘာ ၂၀

ဥပဒေပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း အမှတ်စဉ်()သင်တန်းကို မန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မျိုးဆက်သစ်လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာကြီး()ရပ်ကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်၍ အခြေခံပညာအဆင့်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားလူငယ်တိုင်း ဥပဒေကိုသိရှိဖို့၊ ဥပဒေနှင့်အကျွမ်းတဝင်ဖြစ်ရန် လိုအပ်မှာဖြစ်ကြောင်း၊ ယခုသင်တန်းသည် Grade-11 နှင့် Grade-12 တွင် ပညာသင်ကြားနေသော ကျောင်းသား/သူများကို ဥပဒေပညာသင်ကြားပေးမည့် ဆရာ/ဆရာမများကို ဆရာဖြစ်သင်တန်း သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး ဆရာ/ဆရာမများအနေဖြင့် မိမိတို့၏ ကျောင်းသား/သူများကို သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းနှင့်အညီ ပြန်လည်သင်ကြားပေးသွားရမှာဖြစ်သည့်အတွက် မိမိတို့ကိုယ်တိုင်ဥပဒေပညာအခြေခံကို သိရှိနားလည်ပြီး ပြန်လည်သင်ကြားပို့ချနိုင်သည်အထိ ကြိုးစားသင်ကြားသွားရမှာဖြစ်ကြောင်း၊ ဥပဒေတွင် အခွင့်အရေးနှင့် တာဝန်များကို ခွဲခြားသတ်မှတ်ထားပြီး တည်ဆဲဥပဒေ၊ ပြဋ္ဌာန်းဥပဒေများကို သိရှိနားလည်မှသာ မိမိကိုယ်တိုင်ပြစ်မှုကင်းရှင်းအောင် ထိန်းသိမ်းနေနိုင်မှာဖြစ်ကာ နိုင်ငံအတွင်း အကြမ်းဖက်ဒုစရိုက်မှုခင်းများ ကျဆင်းသွားမှာဖြစ်ကြောင်း၊ သင်တန်းပို့ချမည့် ဥပဒေအရာရှိများကလည်း မိမိတို့၏ အတွေ့အကြုံနှင့်ယှဉ်ပြီး သင်ရိုးညွှန်းနှင့်အညီ ပြည့်စုံအောင် သင်ကြားပို့ချပေးရန်နှင့် လူ့ဘောင်အသိုက်အဝန်းကို ဦးဆောင်မည့် ကျောင်းသားလူငယ်များရှိရာ အခြေခံပညာကျောင်းများမှပညာပြည့်ဝနှလုံးလှ သည့် လူချွန်လူမွန်များ မွေးထုတ်ပေးနိုင်ပါစေကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဦးခင်မောင်တင့်က ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်ပေးရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ဥပဒေရေးရာ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် Video Clip အား ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေအရာရှိများနှင့် သင်တန်းသား ဆရာ/ဆရာမများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် သင်တန်းနည်းပြ ဥပဒေအရာရှိများ၊ သင်တန်းသား ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဥပဒေပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း အမှတ်စဉ်()သင်တန်းတွင် ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်မှ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ ဆရာမ(၁၆၇)ဦးအား (၁၀)ရက်ကြာ သင်တန်းပို့ချပေးသွားမှာဖြစ်ပြီး ဆက်လက်၍ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်တို့တွင်လည်း ခရိုင်အဆင့် ဥပဒေပညာပြန့်ပွားရေးဆရာဖြစ် သင်တန်းများ ဖွင့်လှစ်ပေးသွားမှာဖြစ်ကာ စုစုပေါင်း ဆရာ/ဆရာမ(၅၈၂)ဦးအား သင်ကြားပေးသွားမှာဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)