(၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ပြည်ကြီးမဏ္ဍိုင် နိုဝင်ဘာ၂၀

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၄) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန္နေ့မွန်းလွဲ (၁)နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက  အင်္ဂလိပ်အစိုးရ၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေသစ်ကို မကျေနပ်သဖြင့် မြန်မာလူထုတစ်ရပ်လုံးမှ ဆန့်ကျင် ဆန္ဒပြပြန်လည်တော်လှန်ကြရာမှ အစပြု၍ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားစာပေနှင့်အမျိုးသားရေးစိတ်ဓါတ်ကို အစဉ်ထိန်းသိမ်းစောင့်ရှောက်ရေးစသည့်  အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်အမျိုးသားအောင်ပွဲနေ့အကြောင်းအရာများပါဝင်သည့် နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါ ဝင်စားစွာကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)