သရက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ရာပြည့်ပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

သရက် နိုဝင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး သရက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ရာပြည့်ပွဲတော်အထိမ်းအမှတ် ကျောင်းပေါင်းစုံ ပြေးခုန်ပြစ်ပြိုင်ပွဲများအား ယနေ့ နံနက်(၇)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲများမှာ အလျားခုန် ကျား/မ ပြိုင်ပွဲ၊ မီတာ(၁၀၀)ကျား/မ ပြိုင်ပွဲ၊ သံပြားဝိုင်းပစ် (ကျား+မ)၊ မီတာ(၁၀၀)၊ (၄၀၀) ကျား/မနှင့် ၄+၁၀၀ လက်ဆင့်ကမ်း ကျား+မ၊ သုံးဆင့်ခုန်(ကျား+မ) မီတာ(၈၀၀)၊ မီတာ(၁၅၀၀)(ကျား+မ)ပြိုင်ပွဲများ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆုရရှိသူများအား ပြိုင်ပွဲများအပြီးတွင် ဆုများချီမြှင့်ပေးသွားမည်ဖြစ်သည်။

ရာပြည်သဘင် အခမ်းအနားအား နိုဝင်ဘာ (၂၃)ရက်နေ့တွင် ဉာဏစွမ်းရည်ပြိုင်ပွဲများကဗျာ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများကို (ဧရာဆောင်အပေါ်ထပ်တွင် ဆောင်ရွက်မှာဖြစ်ပြီး၊ နှုတ်မှုစွမ်းရည် ပြိုင်ပွဲများကို ရာပြည့်ခန်းမ၌ ဆောင်ရွက်ပြီး အားကစားပျော်ပွဲရွှင်ပွဲများ (ကျောင်းအားကစားကွင်း) နိုဝင်ဘာ (၂၄)ရက်‌နေ့တွင် နှုတ်မှုစွမ်းရည်ပြိုင်ပွဲများ၊ (ရာပြည့်ခန်းမ)ဦအားကစား ပျော်ပွဲရွှင်ပွဲများ ကျောင်းအားကစားကွင်း၊ နေ့ခင်းပိုင်းဟောပြောပွဲနှင့်ဖျော်ဖြေရေး(ရာပြည့်ခန့်မ) နိုဝင်ဘာ (၂၅)ရက် ‌နေ့တွင် ရာပြည့်သဘင်အခမ်းအနားနှင့် ဆုပေးပွဲများကျင်းပပေးမည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)