ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

ကျောင်းကုန်း နိုဝင်ဘာ ၂၀

ဧရာဝ‌တီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၊ မြင်းလမ်းကုန်း အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ထိုးနှံပေးခဲ့ကြသည်။

ကျောင်းကုန်းမြို့နယ်အတွင်း KG တန်းတွင် တက်ရောက်နေသော ကျောင်းသား/သူများအား ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်‌ရောဂါ ကာကွယ်ဆေးကို(၂၀)ဦးနှင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ (၁.၉. ၂၀ ၁၄)ရက်မှ (၃၁. ၈.၂၀၁၅)ရက်နေ့အတွင်း မွေးဖွားသူမိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ကို (၁၇)ဦး ထိုးနှံပေးခဲ့သည်။ ယနေ့မှစ၍ (၄)ရက်တာအတွင်း ဆုံဆို့-မေးခိုင်ရောဂါကာကွယ်‌ဆေးကို စုစုပေါင်း (၃၁၁၆)ဦး ထိုးနှံပေးမည်ဖြစ်ပြီး၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို စုစုပေါင်း (၁၄၁၄)ဦး ထိုးနှံပေးသွားမည်ဟု ကျန်းမာရေးဌာနက သိရသည်။

အဆိုပါ ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသက်ဦးနှင့် ပညာရေးဝန်ထမ်းများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)