သာပေါင်း နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျရေးအဖွဲ့နှင့် သီရိရွှေသာဈေး ကုန်စုံဆိုင်ပိုင်ရှင်များ ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ပြည်အေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဧရာထိုက်မှ ဆန်(MRF)ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ စားအုန်းဆီရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာမှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချရန်၊ အမဲ/ဝတ်/ဆိတ်/ကြက်သားများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်ထားသေားဈေးနှုန်းအတိုင်းရောင်းချရန်၊ မွေးမြူရေးအရင်းအနှီးများလိုအပ်ပါက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေကော်မတီမှ ချေးငွေထုတ်ချေးမည်ဖြစ်၍ ချေးငွေများလိုအပ်ပါက တင်ပြတောင်းခံရန်မှာကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး၊ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းမင်းလတ်က သတ်မှတ်ရည်ညွှန်းဈေးနှင့်အလေးချိန်မှန်ကန်စွာရောင်းချရန်၊ ဆန်(25)မှတ် ဆန်အား တစ်ပြည်(၃၀၀၀) ကျပ်နှုန်းဖြင့်ရောင်းချရန်၊ ဆီစာအုပ်များထုတ်ပေးထားသဖြင့် ဈေးနှုန်းအလေးချိန်အား သတ်မှတ်ချက်အတိုင်း ရောင်းချရန်တို့ တွေ့ဆုံဆွေးနွေးမှာကြားရာ သီရိရွှေသာဈေး ကုန်စုံဆိုင်(၃၅)ဆိုင်က ဆိုင်ပိုင်ရှင်များ တတ်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မျိုးဇော်သိန်း