မြန်အောင် နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ (၃) နာရီက မြို့မနေခြည်ဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်အောင်မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဆေးဘူးဖြင့်မီးငြှိမ်းသတ်ခြင်း၊ Gas မီးငြှိမ်းသတ်ခြင်း၊ အသီးအရွက်ဆီမီးလောင်မှုငြှိမ်းသတ်ခြင်း၊ ဆီမီးလောင်မှုငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၁)စီး၊ ဒေသပိုင်မီးသတ်ယာဉ်(၂)စီး၊ ပါရမီလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် စျေးမီးငြှိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
မြန်အောင်မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နေသူအောင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းမင်းစိုး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးကျင်စိုးတို့မှ ကြည့်ရှုအားပေးခဲ့ကြပြီး မြန်အောင်မြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသပိုင်မီးသတ်အဖွဲ့ဝင်များ၊ ပါရမီလူမှုကူညီရေးအဖွဲ့ဝင်များနှင့် ဈေးသူ/ဈေးသားများပါဝင်၍ မီးငြှိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)