ကြံခင်း နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပပြုလုပ်သော မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကြံခင်းမြို့၊ (အ ထ က-၁)ကျောင်း၊ အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (အ.ထ.က-၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က ကျောင်းသား/သူများ အသိပညာ၊ အတတ်ပညာများနှင် ပြည့်စုံစေရန် မိမိတို့ပတ်ဝန်းကျင်ရှိ သစ်တောသစ်ပင်များ၏ တန်ဘိုးအား သိရှိစေရေးအသိပညာပေးဟောပြောခြင်းအား မှတ်သားကြရန် အဖွင့်အမှာစကားပြောကြားပြီး၊ ဟင်္သာတခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောပြီးနောက်၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးစည်သူထက်က သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးနှင့် သစ်တောပြုန်းတီးမှုကြောင့် ပြောင်းလဲလာသော ရာသီဥတုများ၏ ဆိုးကျိုးများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရမည့် အချက်များအား အသိပညာပေးဟောပြောကြသည်။
ဟောပြောပွဲသို့ ဟင်္သာတခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်း၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးစည်သူထက်နှင့် ဝန်ထမ်းများ၊ (အ.ထ.က-၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူ(၂၀၃)ဦး တက်ရောက်ကြကြောင်းနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)