ဟုမ္မလင်းမြို့၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်ပွဲကျင်းပ

ဟုမ္မလင်း နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ဥပဒေအသိပညာပြန်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဟုမ္မလင်းမြို့၊ အထက(၁) ဘိုးရာဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းနားတွင် ဟုမ္မလင်းခရိုင် ပညာ​ရေးမှူး ဦးချစ်ငွေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဥပဒေအရာရှိ ဦးထွန်းလင်းက အခြေခံကျောင်းများတွင် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံအားဖြင့် သိရှိနားလည်းရန်လိုအပ်သည့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဥပဒေစာအုပ်များကို ဟုမ္မလင်းမြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ်တို့အား ခရိုင်ပညာ​ရေးမှူး ဦးချစ်ငွေ၊ ခရိုင်ဥပဒေအရာရှိ ဦးထွန်းလင်းနှင့် မြို့နယ်ပညာရေးမှူးတို့က အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြ/ဆရာမများက ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်ပတ်သက်၍ ပြစ်မှု၊ ပြစ်ဒဏ်ဥပဒေများနှင့်ပတ်သက်သော အကြောင်းအရာများကို စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ နိုဝင်ဘာလ (၁၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ ရက်သတ္တပတ်ကြားမြှင့်မည်ဖြစ်ပြီး၊ သင်တန်းသား၊ သင်တန်းသူ (၁၆) ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)