မအူပင် နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်နှင့် နေပြည်တော်သို့ ပြန်လည်ထူထောင်ရေးအတွက် ကူညီဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် (၆) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုကြေးငွေများအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါသင်တန်းအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးနှင့် တပ်ကြပ်ကြီးအောင်ရဲဇော်တို့မှ မီးသတ်ပညာရပ်များဖြစ်သည့် စက်ကြီး၊ စက်ကလေး၊ ပိုက်ခေါက်၊ ပိုက်သိမ်းပညာရပ်များအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ နိုဝင်ဘာလ (၁၈) ရက်နေ့မှ ဒီဇင်ဘာလ (၁၃)ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)