စလင်းမြို့၊ မြို့မစည်ပင်သာယာစျေးကြီးအတွင်းနှင့် မြို့နယ်အတွင်း ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေး ပလတ်​စတစ်အိတ်ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

စလင်း ​​နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းသက်သာစေရေး ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့ချသုံးစွဲ  လျော့နည်းသက်သာစေရန်  မိမိတို့ဒေသမှထွက်ရှိသည့်  ကြာဖက်၊ ငှက်ပျောဖက်နှင့် စက္ကူအိတ်များကို အသုံးပြုနိုင်ရေး အသိပညာပေးခြင်း(Campaign)နှင့် ပလတ်စတစ်အိတ်သုံးစွဲမှုများလာ၍ ညစ်ညမ်းမှုများကြောင့် လျော့ချသုံးစွဲရန် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာအချိန်က မြို့မစည်ပင်သာယာစျေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍  ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင်  မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနဝန်ထမ်းများ စည်ပင်သာယာဦးစီးဌာနမှ စျေးတာဝန်ခံ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့များ ပါဝင်သောအဖွဲ့များလိုက်ပါ၍  စျေးရောင်းစျေးဝယ်ပြည်သူများကို  စျေးဝယ်ယူရာ၌  လက်ဆွဲခြင်းနှင့် ထည့်စရာယူဆောင်လာရန်  အသိပညာပေးခြင်း  လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မိမိတို့ဒေသမှထွက်ရှိသည့် ကြာဖက်၊ ငှက်ပျောဖက်တို့ကို ဖြန့်ဝေကာ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ   အလွန်အကျွံသုံးစွဲ၍  ဘေးထွက်ဆိုးကျိုးများရှိနိုင်၍  လျှော့ချသုံးစွဲကြရန်  အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)