ရွှေသောင်ယံ နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ပြုလုပ်ကျင်းပသည်။
(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲတွင် ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ရီရီလွင်မှ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာစေရန် မြန်မာတစ်ပြည်လုံး အမျိုးသားကျောင်းများ ပေါ်ထွန်းလာပြီး မြန်မာလူထုတစ်ရပ်လုံးမှ သူ့ကျွန်မခံလိုသောစိတ်ဓါတ်ဖြင့် နယ်ချဲ့အင်္ဂလိပ်တို့ကို ပြန်လည်တော်လှန်ကြရာမှ အစပြု၍ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာတို့ကို ကျောင်းသူ၊ ကျောင်းသားများအား ဗဟုသုတရရှိစေရန် ဟောပြောပေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ပြုလုပ်ပေး၍ ကလေးများ၏ ဥာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)