မုံရွာ နိုဝင်ဘာ ၁၈
မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/သူများ ချစ်ကြည်ရင်းနှီးမှုများရရှိနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲ အမျိုးသား/သမီး မီနီမာရသွန်၊ စက်ဘီးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အနောက်ဘက်ကန်သာယာတွင်ကျင်းပရာ ပြိုင်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ မြို့နေပြည်သူများ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားသမီးမီနီမာရသွန်ပြိုင်ပွဲအား တာထွက်အချက်ပြကာ ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ အနောက်ဘက်ကန်သာယာတစ်လျှောက်တွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများမှ တစ်ပျော်တစ်ပါး အားပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး မီနီမာရသွန်အားကစားသမားပန်းဝင်လာမှုတို့အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အဆိုပါမုဒ်ဦးတွင် အမျိုးသား/သမီး စက်ဘီးပြိုင်ပွဲယှဉ်ပြိုင်နေများအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများမှ ပန်းဝင်လာသည့် စက်ဘီးပြိုင်ပွဲဝင်အားကစားသမားများအား သောင်းသောင်းဖြဖြ ကြိုဆိုအားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲ အမျိုးသမီးထုပ်စည်းထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများနှင့် အမျိုးသား/သမီး မီတာ ၈၀၀ ၊ မီတာ ၄၀၀ ၊ မီတာ ၂၀၀ ၊ မီတာ ၁၀၀ ပြေးခုန်ပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်