စလင်းမြို့နယ်ရှိ မြို့မစည်ပင်သာယာအဖွဲ့ပိုင်စျေးနှင့် ဆင်ဖြူကျွန်း​စည်ပင်သာယာစျေးအား​​မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

စလင်း နိုဝင်တိုဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စလင်းမြို့မစျေးကြီးနှင့် ဆင်ဖြူကျွန်းမြို့မစည်ပင်သာယာစျေးကြီးတို့အား မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ည(၆)နာရီ၃၀အချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ စျေးအတွင်းအပြင် လုံခြုံစိတ်ချမှုရှိစေရန် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စျေးတာဝန်ခံများ လုံခြုံရေးဝန်ထမ်းများ စျေးကော်မတီဝင်များက စလင်းမြို့မစည်ပင်သာယာစျေးကြီးနှင့် ဆင်ဖြူကျွန်းမြို့မစည်ပင်သာယာစျေးကြီးအတွင်းရှိ စျေးဆိုင်ခန်းများနှင့် စျေးကြီးများအပြင်ဘက်ရှိ စျေးဆိုင်ခန်းများ မီးဘေးလုံခြုံရေးဆိုင်ရာများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ မီးဘေးကာကွယ်ရေးအတွက် ဒိုင်းရှင်းများ အမြင့်တင်ရေစုပ်စက်များအား ကြံ့ခိုင်မှုရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးစမ်းသပ်မောင်းနှင်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စျေးကော်မတီအဖွဲ့ဝင်များ၊ စျေးတာဝန်ခံများမှ စျေးအတွင်းအပြင် မီးဘေးလုံခြုံမှုဆိုင်ရာများကို အထူးကြပ်မတ်၍ စလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စလင်းမြို့မစည်ပင်သာယာစျေးနှင့် ဆင်ဖြူကျွန်းစည်ပင်သာယာစျေးကြီးအတွင်းအပြင်တို့အား လုံခြုံရေးနှင့်မီးဘေးလုံခြုံမှုရှိစေရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

(မောင်လွင်)စလင်း