ဟားခါးမြို့၊ ဟားခါးတက္ကသိုလ် Facility Quarantine ၌ ဝင်ရောက်နေသူ အမျိုးသားတစ်ဦးတွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဟားခါးမြို့ တိုင်းရင်းဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူ

ဟားခါး  နိုဝင်ဘာ ၂၅

ချင်းပြည်နယ် ဟားခါးမြို့၊ ဟားခါးတက္ကသိုလ် Facility Quarantine ၌ ဝင်ရောက်နေသူ အမျိုးသားတစ်ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံကြီးသို့ ယနေ့ က ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ အမျိုးသား     (အသက်-၂၅ နှစ်) မှာ ၁၅.၁၁.၂၀၂၀ ရက်နေ့တွင် ရန်ကုန်မှ ပြန်လာကြပြီး နောက် ၁၆.၁၁.၂၀၂၀ ရက်နေ့တွင် ဟားခါးမြို့အဝင် ဂန့်ဂေါလမ်း စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာပြီး ဟားခါး တက္ကသိုလ် Facility Quarantine တွင် ဝင်ရောက်ခဲ့ကြောင်း၊ Facility Quarantine တွင် ဝင်ရောက်နေစဉ် အတွင်း Swab ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ဟားခါးမြို့၊ တိုင်းရင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေကြောင်း၊  အဆိုပါ အမျိုးသား (အသက်-၂၅ နှစ်) နှင့်အတူ ဟားခါးတက္ကသိုလ် Facility Quarantine တွင် ဝင်ရောက် သူများအား ကန့်သတ်စောင့်ကြည့်မှုအချိန်ကို ရက်တိုးသတ်မှတ်၍ စစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ​ရောဂါကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

 အောင်ခွီရှိန်း ၊ ခရိုင်(ပြန်/ဆက်)