ကိုဗစ်-၁၉ ​ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မြို့ဝင်ဂိတ်များတွင် စစ်ဆေးမှုများ တင်းကြပ်စွာ ဆောင်ရွက်မှုကြောင့် ဟားခါးမြို့၌Facility Quarantine ဝင်ရောက်သူနှင့် စောင့်ကြည့်ကန့်သတ်ထား သူ(၃၃၁)ဦးအထိရှိ

ဟားခါး         နိုဝင်ဘာ       ၂၅

ကိုဗစ်-၁၉ ​ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်းချင်းပြည်နယ် Coronavirus Disease 2019           (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ မြို့ဝင်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်းများ တင်းကြပ်စွာဆောင်ရွက် လာခြင်းကြောင့် ဟားခါးမြို့နယ်အတွင်း နိုဝင်ဘာ၂၅ရက်နေ့အထိ ပြည်တွင်း၊ ပြည်ပမှပြန်လည် ရောက်ရှိလာပြီး Facility Quarantine ဝင်ရောက်သူနှင့် စောင့်ကြည့်ကန့်သတ်ထားသူ(၃၃၁)ဦးအထိ ရှိလာကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ဟားခါးမြို့နယ်အတွင်း ပြည်တွင်းပြည်ပမှ ပြန်လည်ဝင်ရောက်လာပြီး ဟားခါးတက္ကသိုလ် Facility Quarantineတွင်  (၁၂၇)ဦး၊ G.T.I Facility Quarantineတွင်  (၂၄)ဦး၊ ဟားခါးမြို့၊နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးသင်တန်းကျောင်း Facility Quarantineတွင်  (၂၈)ဦး၊ ဟားခါးမြို့၊အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း Facility Quarantine တွင်  (၂၃)ဦး၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်း Facility Quarantine တွင်  (၅)ဦး၊ တပ်နယ်ဆေးရုံတွင် (၁)ဦး၊ Center တည်းခိုခန်းတွင်(၅)ဦး၊ မင်္ဂလာ တည်းခိုခန်း တွင်(၆)ဦး၊လမ်းစုံတည်းခိုခန်းတွင်(၂)ဦး၊မိုနာလီဇာဟိုတယ်တွင်(၈)ဦး၊ အ.လ.က.ချင်းဦးစီး Facility Quarantine တွင်  (၇၂)ဦးနှင့် (၇)မိုင်စခန်းတွင်(၃၀)ဦး စုစုပေါင်း Facility Quarantine ဝင်သူနှင့် စောင့်ကြည့်ကန့်သတ် ထားသူ(၃၃၁) ဦးရှိကြောင်း   ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

ဟားခါးမြို့နယ်အတွင်း  Facility Quarantine ဝင်ရောက်နေသူ နှင့် စောင့်ကြည့်ကန့်သတ်ထားသူ (၃၃၁) ဦးရှိပြီး  ပြည်ပနိုင်ငံ ပြန်လည်ဝင်ရောက်လာသူ နှင့် ပြည်တွင်းတိုင်းခြား၊ပြည်နယ်ခြားမှ ပြန်လည်ဝင်ရောက်လာသူ ဖြစ်ကြောင်း၊ Facility Quarantine များတွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို တာဝန်ရှိသူများမှ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ Facility Quarantine ဝင်ရောက်နေသူများအား ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များနှင့် လူငယ်Volunteerများပူးပေါင်း၍ စောင့်ကြပ် ကြည့်ရှု ပေးလျက်ရှိကြောင်း၊ Facility Quarantine ဝင်ရောက်နေသူများအား ချင်းပြည်နယ် အစိုးရအဖွဲ့မှ တစ်ဦးလျှင် တစ်ရက် ငွေကျပ်(၃၅၀၀)ကျပ်နှုန်းဖြင့် ၁၄ရက်အတွက် ငွေကျပ်၄၉၀၀၀ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၅နှစ်အောက် ကလေးငယ်များနှင့် အသက် ၆၀အထက်များအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀နှုန်း ထောက်ပံ့ပေးလျက်ရှိကြောင်း ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

အောင်ခွီရှိန်း