ဓနုဖြူ နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၁၃၈၆ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၌ တန်ဆောင်တိုင်ပွဲတော်အားစည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်းသိရသည်။
ယနေ့ ၁၃၈၆ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေတွင် ဘုရားစေတီပုထိုးများ၊ ဓမ္မာရုံများ၌ ဝတ်ရွတ်အသင်းက ဝတ်ရွက်ခြင်း၊ ရပ်ကွက်များအတွင်း စတုဒီသာများကျွေးမွေးခြင်း၊ ဆီမီးများ ထွန်းညှိပူဇော်ခြင်း၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)