မင်းတပ်မြို့၌ Facility Quarantine နေထိုင်ပြီးသူ ၁၅ ဦး အိမ်ပြန်ခွင့်ရ

မင်းတပ်  နိုဝင်ဘာ ၂၅

မင်းတပ်မြို့ လူငယ်သင်တန်းကျောင်းအမှတ် (၁)၊ အ.ထ.က (၃)၊ ဆေးရုံ၊ ရိုမန်ကက်သလစ်ယေဇူး ရွှေနှလုံးတော် ဘုရားရှိခိုးကျောင်းတို့၌ Facility Quarantine နေထိုင်ပြီးစီးသူ (၁၅) ဦးတို့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့် လက်မှတ်များ ပေးအပ်ခဲ့ကြသည်။

မင်းတပ်မြို့ရှိ Quarantine Centre များဖြစ်သည့် လူငယ်သင်တန်းကျောင်းအမှတ် (၁) မှ ၅  ဦး၊ အ.ထ.က(၃) ကျောင်းမှ ၈ ဦး၊ မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံဝင်းမှ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁) ဦး၊ ရိုမန် ကက်သလစ်ယေဇူး ရွှေနှလုံးတော်ဘုရားရှိခိုးကျောင်းမှ (၁) ဦး စုစုပေါင်း (၁၅) ဦးတို့အား အိမ်ပြန်ခွင့်လက်မှတ်များ ပေးအပ်၍ အိမ်တွင်လည်း Home Quarantine (၇) ရက် ဆက်လက်နေထိုင် ရမည်ဖြစ်ကြောင်း မှာကြားသည်။ လက်ရှိတွင် Quarantine Centre များ၌ Facility Quarantine နေထိုင်သူ ၄၁ ဦးအနက် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁၀ ဦးကျန်ရှိကြောင်း ခရိုင်ပြည်သူ့ ကုသကျန်းမာရေးမှူး ဒေါက်တာဇော်ဝင်းနိုင်ထံမှ သိရသည်။

ခွီရှိန်းမောင်း(မင်းတပ်)