သာပေါင်း နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာနွယ်ဝင် သူတော်ကောင်းအပေါင်းတို့၏ ယနေ့တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ရဟန်းသံဃာတော် အရှင်သူမြတ်များ ပုရိမဝါဆိုဝါကပ်၍ ပုရိမဝါမှ ထတော်မူကြသည့်နေ့ဖြစ်၍ သံဃာတော်အရှင်သူမြတ်များအား ကထိန်လျာညှတ်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဆီမီးထွန်းညှိပူဇော်ခြင်း၊ စတုဒိသာကျွေးမွေးခြင်းများနှင့် ဘုရား၊ စေတီများတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ဗုဒ္ဓဘာသာနွယ်ဝင် သူတော်ကောင်းအပေါင်းတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)တွင် ဘုရားစေတီပုထိုးများတွင် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ နံ့သာတစ်ထောင်၊ ရေချမ်းဆက်ကပ်လှူဒါန်းခြင်း၊ စတုဒိသာကျွေးမွေးတို့ဖြင့် အေးချမ်းသာယာပျော်ရွှင်စွာ စည်ကားလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်