ဖောင်းပြင် နိုဝင်ဘာ ၁၅
ဖောင်းပြင်မြို့ ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(ဖောင်းပြင်)တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများရရှိစေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က အ.ထ.က(ဖောင်းပြင်)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခြေခံပညအထက်တန်းကျောင်း(ဖောင်းပြင်)မှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်မောင်က အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်လင်းအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
လူငယ်စကားဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်လင်းအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်၍ Grade-9 မှ မယွန်းပွင့်အိမ်က "လူငယ်နှင့်စာပေ" ၊ Grade-9 မှ မကြယ်စင်၀င်းက "လူငယ်နှင့်ကျန်းမာရေး" ၊ Grade-10,E2 မှ မောင်ဘုန်းတေဇက "လူငယ်နှင့်ယဉ်ကျေးမှု" ၊ Grade-10,E2 မှ မောင်ရဲရင့်ထက်မြင့်အောင်က "လူငယ်နှင့်အားကစား" ၊ Grade-11, S1 မှ မောင်မင်းထက်ချွန်က "လူငယ်နှင့်အနာဂတ်" ၊ Grade-11,S1 မှ မဆောင်း၀သန်ဦးက "လူငယ်နှင့်ပညာရေး" ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များမေးမြန်းခြင်းကို ပြန်လည်ဖြေကြားကြသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင်ပါ၀င်ဆွေးနွေးခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်လင်းအောင်က ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များ ၊ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)