ရွှေဘိုခရိုင်အတွင်း မိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

‌‌‌ရွှေဘို နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ယခုနှစ်မိုးရာသီ၌ မိုးသီးနှံ စုစုပေါင်း (၇၅၄၆၅၄) ဧက  စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ရွှေဘိုခရိုင်တွင် မိုးစပါး(၃၅၃၀၉၅)ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး၊ ယခုနှစ်ဇူလိုင်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ (၃၄၅၉၃၁)ဧက (၉၈%) စိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ်သည်။ ရွှေဘိုခရိုင်၏ မိုးစပါးတွင် အရည်အသွေးကောင်း ‌ဈေးကွက်ကောင်း ရရှိသော ရွှေဘိုပေါ်ဆန်း စပါးမျိုးကို (၂၁၀၈၈၂)ဧက ဧရိယာအများဆုံး စိုက်ပျိုးထားရှိခဲ့ပြီး ယခုအချိန်တွင် မိုးစပါး စိုက်ခင်းများသည် အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။

ရွှေဘိုခရိုင်သည် မိုးစပါးအပြင် ပဲမျိုးစုံသီးနှံ၊ ဆီထွက်သီးနှံနှင့် အခြားသီးနှံစသည့် သီးနှံစိုက်ပျိုးလျက်ရှိသည့် ခရိုင်တစ်ခုဖြစ်သည်နှင့်အမျှ ပဲမျိုးစုံသီးနှံ(၂၁၀၆၆)ဧက၊ ဆီထွက်သီးနှံ(၈၉၇၈၅)ဧကနှင့် အခြားသီးနှံ(၁၀၈၂၇၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် မိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အောင်ထွန်းခိုင် (ပြန်/ဆက်)