ငါးသိုင်းချောင်းမြို့၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသ

ငါးသိုင်းချောင်း   နိုဝင်ဘာ   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အမျိုးသားရေးစိတ်ဓာတ်များကို ခံယူတတ်စေရေးနှင့် လေ့လာမှတ်သားနိုင်စေရေးအတွက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မာလာအောင်က ကျောင်းသားကျောင်းသူများ မိမိနိုင်ငံ၏အထိမ်းအမှတ်နေ့ထူးနေ့မြတ်များကို သိရှိနိုင်စေရေးနှင့် ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃ ဦးခင်မောင်မြင့်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကျောင်းသား၊ ကျောင်းသူများသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရေး အသိပညာပေးဟောပြောခဲ့ပြီ းပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့်  အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်၊  ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)