ရေဇွာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်အလှူငွေများပေးအပ်လှူ ဒါန်း ပွဲအခမ်းအနားကျင်းပ

ရေဇွာ      နိုဝင်ဘာ      ၂၅

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ တွင်အသုံးပြုနိုင်ရန်အတွက်အလှူငွေများပေးအပ်လှူဒါန်းခြင်းအခမ်းအနားကိုယမန်နေ့မွန်လွဲ၁နာရီအချိန်က ရေဇွာမြို့ အထွေထွေအုပ်ချုပ်ရေဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ရေဇွာမြို့Covid-19ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကာလအတွင်းအသုံးပြုနိုင်ရန်အတွက် သုခကြွယ်မိသားစု (ကိုလှိုင်ထွေး+မတင်မိုးမြင့်)ကျောက်ကုန်းမြို့မှကျပ်(၁၀၀၀၀၀)တိတိ၊ ဒေါ်ခင်နန်းရွှေ ရတနာ (ကိုရွှေပွါး+ မညိုမီမီကျော်) ကျောက်ကုန်းမြို့ မှကျပ်(၅၀၀၀၀)တိတိနှင ့်စိန်ရတနာဆိုင်(ဦးကျော်မိုး+ ဒေါ်နယ်လီ) ကျောက်ကုန်းမြို့ မြို့မှကျပ်(၁၀၀၀၀၀) တိတိအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များတွင် အသုံးပြုနိုင်ရန်တွက် အလှူငွေများ အသီးသီးပေးအပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။

အဆိုပါအလှူငွေများကိုအလှူရှင်များကိုယ်စားရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပေးအပ်ခဲ့ရာ ယင်းအလှူငွေ များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှဒေါက်တာမျိုးမြင့်ဇော်က လက်ခံခဲ့ ကြောင်းသိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)