ထန်းတပင်မြို့နယ် ဆိပ်ကြီးရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲဆောင်ရွက်

ထန်းတပင်(ပဲခူး) နိုဝင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆိပ်ကြီးရပ်ကွက်အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်တင်အိအိဝင်းက ကျောင်းသူကျောင်းသားများအား အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံများအကြောင်းကို ပြောကြားပေးခဲ့သည်။

ထို့နောက် အသိပညာပေးလုပ်ငန်းတွင် ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများကို ခင်းကျင်းပြသခြင်းတို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေးလူကုန်ကူးမူအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးစသည့် အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှကြည့်ရှုလေ့ လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)