ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ညောင်လေးပင် နိုဝင်ဘာ ၁၂

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်း (၁) နာရီခွဲအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်း စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုကြွယ်ဝသည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန်ပြိုင်ပွဲများ ကျင်းပပေးရခြင်း ဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင် ကျောင်းသား/သူများအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ “အမျိုးသားနေ့” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲသို့ ​ညောင်လေးပင်မြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်းများမှ ကျောင်းသား/သူ စုစုပေါင်း (၁၅) ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်