သာပေါင်း နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သစ်တောဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လှေကြီးတတ် ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(လှေကြီးတတ်)၌ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ပုသိမ်ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းမင်းမှ သစ်တောများ၏ အကျိုးကျေးဇူးများနှင့် ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သာပေါင်းမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းဝင်းဇော်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ခေါင်းစဉ်ဖြင့်၊ တောအုပ်ကြီးဦးမှူး သက်ပိုင်မှ မီးခိုး/မြူငွေ့များ လျှော့ချရေးခေါင်းစဉ် အသီးသီးတို့ဖြင့် အသိပညာပေးဆွေးနွေးဟောပြောကြရာ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ပေါင်း(၂၁၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (လှေကြီးတတ်)၊ ကျောင်းအုပ်ဆရာကြီး ဦးစိုးနိုင်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
မျိုးဇော်သိန်း(သာပေါင်း ပြန်/ဆက်)