ကလေးခရိုင်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မိုးမြေပဲလျာထားချက် ရာနှုန်းပြည့် စိုက်ပျိုးအောင်မြင်

ကလေး နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် (ကလေး၊ ကလေးဝ၊ မင်းကင်း) တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မြေပဲလျာထားချက် ရာနှုနန်းပြည့် စိုက်ပျိုးအောင်မြင်လျက်ရှိသောကြောင့် ဒေသတွင်း စားသုံးဆီပိုလျံသည်သာကမ အခြားသော မြို့နယ်များအထိ တင်ပို့ရောင်းချလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကလေးခရိုင်အတွင်းရှိ ကလေး၊ ကလေးဝနှင့် မင်းကင်းမြို့နယ်များတွင် ရာသီဥတုကောင်းမွန်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီတွင် မြေပဲစိုက်ပျိုးမှု လျာထားချက်ဧရိယာ (၈၁၅၅) ဧကကို ရာနှုန်းပြည့်စိုက်ပျိုး ရိတ်သိမ်းနိုင်ခဲ့ရာ ကလေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သီးနှံများ အားလုံးစိုက်ပျိုးထုတ်လုပ်မှု ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဒေသခံ တောင်သူများဖိတ်ခေါ်၍ နည်းပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများကျင်းပခြင်း၊ ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များကူညီပေးခြင်း၊ စိုက်ပျိုးမည့် မျိုးကောင်းမျိုးသန့်များနှင့် စိုက်ပျိုးရေး လုပ်ငန်းသုံးသွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုဆောင်းသီးနှံ ရာသီနှံရာသီတွင်လည်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးလုပ်ငန်းများကို သက်ဆိုင်ရာစိုက်ပျိုးမွေးမြူးရေး ညှိနှိုင်းမှုအဖွဲ့ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)