ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ဟုမ္မလင်း  နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီထိ အပတ်စဥ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုနှင့်ကုသပေးဆောင်ရွက်ခြင်းကို ဟုမ္မလင်း ခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဆွေ၊ တာဝန်ကျဆရာဝန်များ၊ ဆရာ/ဆရာမများက သက်ကြီးရွယ်အိုများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး ဆီးချိုး၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွားစုစုပေါင်း(၉၅)ဦးအား အခမဲ့စောင့်ရှောက်ကုသပေးခဲ့ကြောင်း သိရသည်။

 ထို့နောက် ဘိုးဘွားများအား ဦးငြိမ်းကိုကိုထွေး+ဒေါ်အေးနန္ဒာကြည်တို့၏ သမီး၊ မခြူးသံစဉ်ကို (၂)နှစ်ပြည်မွေးနေ့အလှူ အာဟာရဒါနအနေဖြစ် ကြာဆံဟင်းခါး၊ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)