ကန့်ဘလူခရိုင်လူထုအခြေပြုဗဟိုဌာန၌ ရုံးစာရေးသားနည်းသင်တန်း(၃/ ၂၀၂၄)ဖွင့်လှစ်

ကန့်ဘလူ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်များမြင့်မားတိုးတက်ရေးအတွက် ရုံးစာရေးသားနည်းသင်တန်း အမှတ်စဥ်(၃/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းတွင် ရုံးစာရေးသားနည်း အမျိုးအစားများ၊ ထားသိုပုံစနစ်၊ ရုံးစာရေးသားရာတွင် လိုက်နာရမည့်အချက်များ၊ လုပ်ငန်းစီမံချက်ရေးဆွဲနည်းတို့ကို သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၅ ဦးတက်ရောက်ကြပြီး သင်တန်းကာလ နိုဝင်ဘာ ၆ ရက်မှ ၈ ရက်ထိ သုံးရက်တာစာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)