စစ်ကိုင်း နိုဝင်ဘာ ၇
စစ်ကိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် EDNA Myanmar တို့ပူးပေါင်း၍ Human Resource(HR) သင်တန်းကို နိုဝင်ဘာလ(၅)ရက်နေ့က ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြများမှ သင်တန်းတွင်ပို့ချမည့် Communication Scale၊ Presentation၊ Human Resource(HR)၊ Management ဘာသာရပ်များအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးခဲ့ကြသည်။
အဆိုပါသင်တန်းတွင် စစ်ကိုင်းခရိုင်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်၊ မြောင်မြို့နယ်များမှ သင်တန်းသား/ သင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ (၃)ရက်ကြာ နေ့စဉ်နံနက်(၁၀)နာရီမှ ညနေ(၅)နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်