ငါးသိုင်းချောင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာပေးကွင်းဆင်းဆောင်ရွက်

ငါးသိုင်းချောင်း နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ပွင့်လင်းရာသီရောက်လာပြီဖြစ်သဖြင့် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့သစ်ရပ်ကွက်တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့မီးသတ်ဦးစီးဌာနမှ လက်ထောက် မီးသတ်ဦးစီးမှူးဦးဝင်းနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မီးဘေးအန္တရာယ်ကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိကြရန်၊ မိမိနေအိမ်တွင်အသုံးပြုသောလျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ အမှိုက်နှင့်လောင်စာများအား စနစ်တကျစွန့်ပစ်ရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက သက်ဆိုင်ရာမြို့မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရန် တစ်အိမ်တက်ဆင်းကြည့်ရှုစစ်ဆေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)