ကြံခင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်ထောင်စု ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှု

ကြံခင်း  နိုဝင်ဘာ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးနှင့် ပြည်ထောင်စု ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။

ဉီးစွာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် Phyo Thiri Kyaw Co,ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော တံတားဦးမြို့၌ တံတား ပေ ၁၀၀ ပထမပိုင်းပြီးစီးမှု လုပ်ငန်းအားလည်းကောင်း၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းဖြင့် ဇီးပင်ကွင်းရွာလယ် ကွန်ကရစ်တံတား ပေ ၅၀ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ်ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ခရိုင်/မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)