ကန့်ဘလူမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး

ကန့်ဘလူ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်အလေးချိန်ချိန်ခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဗိုက်စစ်ဆေးခြင်း၊ သန္ဓေသား အနေအထား မှန်ကန်စေရေးပြုပြင်ပေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်း(HIV၊ ဆစ်ဖလစ်၊ သွေးချို ဆီးချိုရှိမရှိ)၊ မတည့်သည့်ဆေး ရှိမရှိနှင့်အခြားရောဂါ ရှိမရှိတို့ကို မေးမြန်းစစ်ဆေးပြီး ထုံနာကျင်နာပျောက်ဆေး၊ ဖောလစ်အက်စစ်၊ သံဓာတ်အားဆေးတို့ကို တစ်လစာ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လစဥ်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့တွင် ၅၈ ဦးခန့် စစ်ဆေးပေးခဲ့ကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)