မုံရွာမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ဧက ၄၀၉၆၅ လျာထား စိုက်ပျိုးမည်

မုံရွာ နိုဝင်ဘာ ၄

၂၀၂၄- ၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၌ ဆောင်းသီးနှံပဲမျိုးစုံ ၄၀၉၆၅ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။

ဒေသခံတောင်သူများအနေဖြင့် စျေးကွက်ကောင်းဝင်နိုင်သည့်ပဲမျိုးများကို ရွေးချယ်စိုက်ပျိုးလာကြကြောင်း၊ အဆိုပါပဲမျိုးများသည် စိုက်ပျိုးရေ လိုအပ်ချက်နည်းသည့်သီးနှံတွေဖြစ်ကြောင်း၊ ပဲစားသုံးမှုနှင့်ကုန်ထုတ်လုပ်မှုများ အားကောင်းလာသည့်အတွက် စပါးစိုက်ပျိုးရေးပြီးလျှင် ကန့်ဘလူမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးမှုသည် အများဆုံးဖြစ်ကြောင်း၊ ပိုလျှံသည့်ပဲများကိုလည်း အခြားတိုင်းဒေသကြီး၊ နိုင်ငံခြားကိုပို့နိုင်သည်အထိ စိုက်ပျိုးထုတ်လုပ်မှုများရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။

မုံရွာမြို့နယ်အတွင်းရှိ တောင်သူများ ပဲမျိုးစုံစိုက်ပျိုးရေးအဖြစ် မတ်ပဲ ၈၅၀ ဧက၊ ပဲတီစိမ်း ၁၅၉၀ ဧက၊ ထောပတ်ပဲ ၉၉၅ ဧက၊ စွန်တာပြာ ၁၂၇၃၀ ဧက၊  ကုလားပဲ ၁၇၇၉၀ ဧက၊ ပဲလွန်း ၆၀၀ ဧက ၊ ပဲကြီး ၅၅၅၀ ဧကနှင့်အခြားပဲ ၈၆၀ ဧကကို စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)