တီးတိန်မြို့၌မြို့တွင်းသန့်ရှင်းရေးဌာနဆိုင်ရာများစုပေါင်းဆောင်ရွက်

တီးတိန်   နိုဝင်ဘာ   ၂

ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ အ‌မှတ်(၁)အ‌‌ခြေခံပညာအထက်တန်းကျောင်း လမ်း‌ဘေးဝဲယာရှိ ချုံနွယ်များကို ယနေ့နံနက် ၉ နာရီက ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်းချမ်းငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့်အဖွဲ့ဝင်များကဦးဆောင်ပြီး ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒိုင်းခန့်ဒိမ့်