ဝါးခယ်မမြို့နယ်၌ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်းသရုပ်ပြလေ့ကျင့်

ဝါးခယ်မ  နိုဝင်ဘာာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးစစ်ဆေးဆောင်ရွက်ခြင်းများကို မြို့မစျေးကြီးတွင် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးတိုးနိုင်ဦးက မီးသတ်ဆေးဘူး အသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဘူးကို အသုံးပြု၍ မီးငြှိမ်းသက်နည်း၊ ဆီမီးလောင်မှုကို ဖုံးအုပ်ငြှိမ်းသတ်နည်း၊ မီငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်၊ မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးတိုးနိုင်ဦးနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနေဖြိုးလင်းတို့က ဈေးဆိုင်ခန်းများတွင် မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတ်ဆေးဘူးထားရှိမှုများ၊ လျှပ်စစ်မီး ကြိုးသွယ်တန်းထားမှုများ၊ မြို့မဈေးကြီးတွင် အရေးပေါ် ရေစုပ်စက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)